#Local_New
Published_18 November 2022

ပြည်တွင်းသို့ လျှပ်စစ်ကားတင်သွင်းခွင့်အတွက် ကုမ္ပဏီ ၂၆ ခု လာရောက်လျှောက်ထားကြောင်း နစကပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ လျှောက်ထားသည့်ကုမ္ပဏီများကို ခွင့်ပြုထားခြင်းမရှိသေးဘဲ စိစစ်နေဆဲဖြစ်ကြောင်း ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ယင်းက အထင်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြည်ပက Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ်၊ Semi-Knocked Down-SKD စနစ်တို့နှင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များကို အခွန်မကောက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်မှ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ နေရာ(၅)ခုတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် အားသွင်းရုံ (၅) ခုကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အားသွင်းရုံ (၁) ခုမှာ EV (၅၀) စီး အားဖြည့်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အားသွင်းရုံ (၅)ခုကို ဇီးရိုးမိုင် အမှတ်(၃)လမ်းဆုံ၊ (၁၁၅)မိုင် ဖြူးယာဉ်ရပ်နားစခန်း၊ မိုင်တိုင် (၂၀၁/၂) နေပြည်တော်စီလမ်းဆုံ၊ မိုင်တိုင် (၂၈၄/၄) သီးကုန်းယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင် (၃၅၂/၃) စကားအင်းလမ်းဆုံတိုတွင် တည်ဆောက်ရန် လျာထားကြောင်းလည်း သိရသည်။

photo-singtech
#ymg/sth
#Yangon_Media_Group