#Local_News
Published _ 16 november 2022

 

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် ၂ သိန်း တင်ပို့နေရာမှာ လက်ရှိအချိန်ထိ တန်ချိန် ၆ သောင်းခွဲကျော်အထိ တင်ပို့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရသည်။

 

ပြီးခဲ့သော အောက်တိုဘာလဆန်းမှ စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်ဖြူ တန်ချိန် ၂ သိန်း တင်ပို့နေပြီး အရောင်းအဝယ်စာချုပ်အရ လာမည့် ဒီဇင်ဘာလကုန်အထိ ၃ လအတွင်း တင်ပို့ရမှာဖြစ်ကြောင်း အသင်းချုပ်ရဲ့ တာဝန်ရှိသူထံမှ သိရသည်။

 

"လက်ရှိတင်ပို့မှု အခြေအနေအရ တန်ချိန် ၂ သိန်းကို အချိန်မီ တင်ပို့နိုင်ဖို့ရှိပြီး အလွန်ဆုံးနောက်ကျရင်တောင် ဇန်နဝါရီပထမပတ်လောက်အထိပဲ ဖြစ်မယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တာဝန်ရှိသူတစ်ဦးမှ ဆိုခဲ့သည်။

 

နှစ်နိုင်ငံ MOU အရ ဘင်္ဂလားဒေ့ရှ်သို့ ပေါင်းဆန်တန်ချိန် ၅ သောင်းပါ တင်ပို့လို့ရသော်လည်း လက်ရှိမှာ ပေါင်းဆန်တင်ပို့ရန် အဆင်မပြေသေးကြောင်း အဆိုပါတာဝန်ရှိရဲ့ပြောကြားချက်များအရ သိရှိရသည်။

 

ဘင်္ဂလားဒေ့ရှ်မှ ဆန်ဖြူတစ်တန်နှုန်းထားလျှင် ၄၆၅ ဒေါ်လာဝန်းကျင် သတ်မှတ်ဝယ်ယူပြီး ငွေလက်ငင်းစနစ်ဖြင့် ရောင်းချကြောင်းလည်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့ခွင့် ခွဲတမ်း မြန်မာကုမ္ပဏီ ၃၀ ကျော် ရရှိထားကြောင်းလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားသည့် စာရင်းဇယားများအရ သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group