#Local_News

Published _ 15 November 2022

 

အင်းစိန် အကျဉ်းထောင်တွင် အကျဉ်းကျနေသော ဒါရိုက်တာမင်းထင်ကိုကိုကြီး (ခ) ကိုကိုကြီး

ယနေ့ နိုဝင်ဘာလ ၁၅ ရက် တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူကပြောသည်။

 

မင်းထင်ကိုကိုကြီး ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် က ထိန်းသိမ်းခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃ဝ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

အလားတူ ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချခံထားရသူ

ရက်ဂေးအဆိုတော် စောဖိုးခွား (ခ) စောအလန်စတီး အနေဖြင့် ယင်းအမှုကိစ္စ ပြီးပြတ်သွားပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် သဘာဝဘေးစီမံခန့်ခွဲမှုပုဒ်မ ၃၀ (က)နှင့် ပတ်သက်၍ မပြီးပြတ်သေးသောကြောင့် ပြန်လည်မလွတ်မြောက်သေးကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူကပြောသည်။

 

 

ymg/mt

Yangon_Media_Group

#ymg/mt
#Yangon_Media_Group