#Local_News
Published_20 October 2022

 

ရန်ကုန်မြို့၏ ပထမဆုံးရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားအနီး ဆိပ်ခံတံတားအမှတ်(၅) Love Boat Bridge တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ညဈေးစီစဉ်သည့် တော်ဝင်ချမ်းသာ ကုမ္ပဏီမှ သိရသည်။

 

အဆိုပါ ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ညနေ ၃ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး ဆိုင်ခန်း ၃၀ ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

ညဈေးတွင် ရန်ကုန်မြစ်၏ အလှအပများကို ကြည့်ရင်း ရိုးရာအစားအစာများ၊ ဖော်ထုတ်သွားမှာဖြစ်ပြီး တိုင်းရင်းသားရိုးရာအစားအစာရောင်းချမည့်သူများကိုလည်း ရိုးရာဝတ်စုံဝတ်စုံဝတ်ဆင်စေ၍ ရောင်းချစေမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ဈေးပွဲတော်ရက်တွင် အင်းလေးဒေသလိုမျိုး လှေများ၊ ရိုးရိုးလှေများဖြင့် ပါဝင်ပြသသွားမည်ဖြစ်သည်။

 

ယင်းအပြင် ဆိုင်ခန်းခမှာ အခမဲ့ဖြစ်ပြီး အစားအသောက်တည်ခင်းရောင်းချနိုင်မည့် လှည်းပုံစံထုတ်ပေးမည်ဖြစ်ကာ လှည်း၏ နေရာထားခကို တစ်ရက် ၃၀၀၀၀ ကျပ်၊ ရေနှင့် မီး အပါအဝင် စားသုံးသူတွေ နေရာထိုင်ခင်းကို ကုမ္ပဏီဘက်မှ စီစဉ်ပေးမည်ဖြစ်ပြီး မည်သူမဆိုလာရောက်စုံစမ်းရောင်းချနိုင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group