#Local_News
Published-15 October 2022

 

ပြီးခဲ့သည့် အောက်တိုဘာ (၁၂) ရက်ကနေစပြီး တစ်ကျပ်သားကို ကျပ် ၂၅ သိန်းဖြင့် ရောင်းချပေးနေသည့် မီးလင်းရွှေအတုံးအခဲ (၁၃) ပိဿာကျော်ကို ရောင်းချပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့် ကပြောသည်။

 

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ မီးလင်းရွှေအတုံးအခဲတွေကို ထုတ်ရောင်းပေးနေခြင်းကြောင့် ပြီးခဲ့သည့် ရက်တွေက ဝယ်လိုအားများခဲ့ပြီး နောက်ပိုင်းတွင် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေကြောင်း သိရသည်။

 

ယနေ့(အောက်တိုဘာ ၁၅ ရက်) ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်ကို အမေရိကန်ဒေါ်လာ ၁၆၄၃ ထိကျဆင်းလာပြီး ပြင်ပရွှေဈေးကွက်အတွင်းမှာလည်း ရွှေဈေးနှုန်းသည် ၂၆ သိန်းကျော်ဖြင့် ဈေးငြိမ်နေကြောင်း သိရသည်။ ယနေ့အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေးနှုန်းမှာ ၁၉၃၇၀၀၀ ဖြစ်ပြီး အဆိုပါ ဈေးနှုန်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားတာဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

 

ယင်းအပြင် ရောင်းချပေးနေသည့် ရွှေတုံး/ရွှေခဲတွေကို နေ့စဉ် ရွှေပေါက်ဈေးထက် လျှော့ချရောင်းချပေးတာဖြစ်ပြီး ရွှေလုပ်ငန်းရှင်များအသင်းက ရောင်းချပေးသည့်ရွှေကို သက်ဆိုင်ရာ တံဆိပ်အတိုင်း ရွှေဆိုင်များတွင် ပြန်လည်ရောင်းချနိုင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group