#Local_News
Published_11 October 2022

 

ရခိုင်ပြည်နယ်ရှိ ကမ္ဘာကျော်ငပလီကမ်းခြေရှိရာ ငပလီမြို့ ဂျိတ္တောရပ်ကွက်၊ အကွက်(၉)၊ မဒေးတောင်ရပ်တော်မူဘုရားအနီး အမှိုက်ပုံမှ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

 

အောက်တိုဘာလ ၁၀ ရက် ညနေ ၃ နာရီခန့် က အမှိုက်ပုံတွင် မသင်္ကာဖွယ်အိတ် ၂ အိတ်တွေ့ရှိကြောင်း ဘုရားဂေါပကအဖွဲ့ဝင်တစ်ဦး၏ သတင်းပို့ချက်အရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါအိတ်အတွင်းမှ ကာလတန်ဖိုးကျပ် (၂ ဒသမ ၆၆)ဘီလီယံခန့်ရှိ WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၃၀,၀၀၀ ပြားကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

 

ယခုအခါ သိမ်းဆည်းရမိစိတ်ကြွရူးသွပ်ဆေးပြားများနှင့်ပတ်သက်၍ ဂျိတ္တောနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းနေကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group