Published 3 Oct 2022

နိုင်ငံတော်မှာ ပြည်တွင်းလည်ပတ်သုံးစွဲငွေများ ရှိပြီးဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံးထုတ်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၃ရက်မနက်က နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စု     သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

  • ကိုဗစ်ကာလ ချေးငွေများ နိုင်ငံတော်သို့ ပြန်လည် ပေးဆပ်ရန် အခက်အခဲများ ဖြစ်ပေါ်နေမှုအတွက် ကာလ တစ်ခု သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်
  • ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးများ ထုတ်ချေးပေးထားခြင်းဖြစ်သဖြင့် အမှန်တကယ်အောင်မြင်အောင် ဆောင်ရွက် ကြစေလိုပြီး ပြန်လည်ပေးဆပ်ရမည့် ကာလအတွင်း ပြည့်မီအောင် ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်ကြရန်လို
  • နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများကိုလည်း အပြည့်အဝ ပေးသွင်းရန်လိုကြောင်း၊
  • လာမည့်ဘတ်ဂျက်ကာလများတွင် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးရံပုံငွေ အတွက် ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်
  • နိုင်ငံတော်မှရရှိရန် ကျန်ရှိသည့် ချေးငွေများ ပြန်လည်ရရှိမည်ဆိုပါက ချေးငွေများကို ပိုမိုပြည့်ဝစွာထပ်မံ ထုတ်ချေးပေးနိုင်မည်ဖြစ်
  • နိုင်ငံတော်အနေဖြင့် ပြည်တွင်းလည်ပတ် သုံးစွဲငွေ များရှိပြီးဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သည့် ချေးငွေများ ကိုလည်းအတတ်နိုင်ဆုံးထုတ်ပေးသွားမည်ဖြစ်ကြောင်း” ဖြင့်ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒေါ်သီသီဝင်း၊ ဦးဝင်းမြင့်အောင်၊ ဒေါ်ယဉ်ယဉ်မိုး နှင့် တက်ရောက်လာကြသူတွေက

  • ရန်ကုန်တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊
  • Quick Win ဖြစ်စေမည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများနှင့် အခြားဆက်စပ်လုပ်ငန်းများ ကို အောင်မြင်စွာဆောင် ရွက်နိုင်ရေးအတွက် အတိုးနှုန်းနည်းပါးသည့် ရင်းနှီးငွေများလိုအပ်မှု
  • နည်းပညာများ ရရှိရေးနှင့် အခြားပံ့ပိုးပေးမှုများလိုအပ်မှု၊ ကုန်ကြမ်းပစ္စည်းများနှင့် စက်ပစ္စည်းများ တင်သွင်းခွင့်ရရှိရန်လိုအပ်မှု
  • ပြည်တွင်းထုတ်ကုန်တိုးတက်ရေးအတွက် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန်လိုအပ်မှု
  • ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ယခုနှစ် မိုးဦး ကာလတွင် မိုးနည်းသည့်အတွက် ဆန်းစပါးအထွက်နှုန်း ကျဆင်းမှုရှိနိုင်သဖြင့် နွေ စပါး အထွက်နှုန်း တိုးတက်ရေး ဆောင်ရွက်ပေးရန်လိုအပ်မှု
  • နိုင်ငံတော်မှ နွေစပါး စိုက်ပျိုးရေးအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ပေးသည့်အတွက် နွေစပါးအထွက်နှုန်း တိုးတက်ရေးအတွက် အထောက်အကူဖြစ်မှု
  • ဆန်၊ စပါး ပြည်ပ ပို့ကုန်မြှင့်တင်ရေးအတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်း များ ပိုမိုတိုးတက်လာနိုင်မှု
  • စိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်ပျိုးရေး စရိတ် ချေးငွေများကို နိုင်ငံတော်အစိုးရသာမက ပုဂ္ဂလိက လုပ်ငန်းများမှလည်း ထုတ်ချေးပေးမည်ဆိုပါက ဆန်၊ စပါး ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာမည့် အခြေ အနေများ
  • ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကုန်စည်ဒိုင်များ အဆင့်မြှင့် တင်ဆောင်ရွက်ရန် လိုအပ်မှု
  • ဆီထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် စားသုံးဆီများ ပြည်တွင်း၌ ဖူလုံစွာ ရရှိရေး
  • ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် တိကျသည့် မူဝါဒတစ်ခုကို သုသေသနပြု ချမှတ် ပေးရန်လိုအပ်မှု
  • ပြည်တွင်း စားသုံးဆီထုတ်လုပ်မှု လျော့နည်းသည့် အတွက် လိုအပ်ချက်အရ စားသုံးဆီများ တင်သွင်းနေရမှုကြောင့် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိမှု
  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများတွင် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက်ရှိမှုနှင့် အချို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိမှု
  • ကိုဗစ် ကာလအတွင်း ချေးငွေရယူထားသည့် MSME လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်လျက်ရှိသဖြင့် နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်ရမည်ကာလအား တိုးမြှင့် သတ် မှတ်ပေးစေလိုမှုနှင့် ရင်းနှီးမြှုပ်နှံငွေများ ဆက်လက်ဆောင်ရွက်ပေးစေလိုမှု
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများမှ ထွက် ရှိသည့် ကုန်ပစ္စည်းများသည် အမှန်တကယ် ဈေးကွက်လိုအပ်ချက်ရှိသည်ဖြစ်သည့် အတွက် ဈေးကွက်မပြတ်လုပ်ငန်းလည်ပတ်နိုင်စေရေး ရင်းနှီးမြှုပ်နှံငွေများ ဆောင်ရွက်ပေး စေလိုမှု
  • လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လျှပ်စစ် စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု
  • စက်မှုလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရာတွင် မြေနေရာ လိုအပ်ချက်များ
  • ကျွမ်းကျင်လုပ်သားများအတွက် Training Centerများ လိုအပ်လျက်ရှိမှု
  • ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည် စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေးအတွက် လိုအပ်ချက်များနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများ
  • တိုင်းရင်းဆေးဝါး ထုတ်လုပ်မှုနှင့် အထည်ချုပ် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများ
  • မွေးမြူရေး ထုတ်ကုန်များထုတ်လုပ်လျက်ရှိမှုနှင့် မွေးမြူရေးအစာများပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရန် လိုအပ်မှု
  • ရာဘာထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက် ထိရောက် သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် လိုအပ်မှု
  • စိုက်ပျိုးရေးလုပ်ငန်းအတွက် သွင်းအားစုများပြည့်ဝစွာရရှိရေး ဖြည့်ဆည်းပေးစေလိုမှု စတာတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

လုပ်ငန်းရှင်တွေရဲ့တင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း နှင့် ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

ဗိုလ်ချူပ်မှူးကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင်.

  • ဆီထွက်ကုန်များတွင်မြေပဲတစ်ခုသာ အထွက်နှုန်းကောင်းမွန်ပြီး ကျန်ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်း မပြည့်မီသဖြင့်ပြည့်မီအောင်ဆောင်ရွက်မှ ပြည်တွင်းဆီထုတ်လုပ်မှုတိုးတက်မည်
  • ဆီအုန်းစိုက်ပျိုးမှုကို ပြည့်ဝစွာ စိုက်ပျိုးမှု မရှိသည့်အတွက် ဆီထုတ်လုပ်မှု နည်းပါးနေခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ဆီလိုအပ် ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်
  • ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီ ထုတ်လုပ် သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန် လိုအပ်
  • စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ(Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်
  • MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ပုဂ္ဂလိကအနေဖြင့်လည်း လျှပ်စစ် ဓာတ်အားရရှိအောင် ဆောင်ရွက်ကြရန်လို
  • နေရောင်ခြည်စွမ်းအင်နှင့် လေအား တို့ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လို
  • လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအတွက်လိုအပ်သည့် ဒီဇယ်ဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ
  • MSME လုပ်ငန်းများအတွက် မြေနေရာလိုအပ်မှုကို နိုင်ငံ တော်မှ မြေနေရာများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိ
  • စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်
  • စိုက်ပျိုးမြေများပေါ်တွင် စက်မှုလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သီးနှံထွက်နှုန်းနည်းပါးသွားမည်ဖြစ်
  • စားရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မြေနေရာများကိုမူ ခွင့်ပြုပေး၍ ရနိုင်မည်မဟုတ်ဘဲ မြေလွတ်မြေရိုင်းများ ပေါ်တွင် စက်မှုလုပ်ငန်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ ခွင့်ပြုပေးနေ
  • မွေးမြူရေးကုန်ကြမ်းများအားလုံး ပြည်တွင်း၌ လုံလောက် စွာ ရှိပြီးဖြစ်သော်လည်း အရည်အသွေးပြည့်မီရန်လိုနေ
  • မွေးမြူရေးကို မိရိုးဖလာ မွေးမြူရေးထက် စနစ်ကျနသည့် မွေးမြူရေးဖြစ်ရန်လိုကြောင်
  • စိုက်ပျိုးရေးလုပ်ငန်းများအတွက် သွင်းအားစုဖြစ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး ဆောင်ရွက်လျက်ရှိ
  • ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများ ရရှိရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ
  • ရာဘာ အထွက် နှုန်းများ ကောင်းမွန်ရေးနှင့် အရည်အသွေးပြည့်မီသည့် ရာဘာကုန်ကြမ်းများ ရရှိ အောင် နည်းပညာများ အသုံးပြု၍ ဆောင်ရွက်ရန်လို
  • ပြည်ပမှ ရာဘာ တရားမဝင် တင်သွင်းမှုများကို ထိရောက်စွာ ထိန်းချုပ်သွားမည်
  • စက်မှုနှင့် စိုက်ပျိုးရေးသင်တန်းကျောင်းများကို အခြေခံပညာကျောင်းများတွင် တွဲဖက်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်
  • ဘဏ်စနစ် ပြိုလဲအောင် နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်လုပ်ဆောင်ခဲ့သော် လည်း ပြိုလဲမှုမရှိစေရေး ဦးစားပေးအနေဖြင့် ဆောင်ရွက်ခဲ့
  • ငွေကစားသူများရှိခြင်းကြောင့် ငွေကြေးတန်ဖိုးများကျဆင်းမှုများဖြစ်ပေါ်ခဲ့၍ ငွေကြေးကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်း  ကာ ထိန်းသိမ်း ဆောင်ရွက်ခဲ့
  • ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေး နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ
  • နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်ယူနိုင်ရေးအတွက်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိ
  • နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေး၊ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင်လည်း နျူကလီးယား စွမ်းအင် အသုံးပြုနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိ
  • အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် အာဆီယံထက် မိမိတို့နိုင်ငံသည် နှုန်းထားအသက်သာဆုံးဖြစ်
  • နိုင်ငံတကာထက် အခွန်နှုန်း များ များပြားနေသည်များရှိပါက သတင်းပို့ဆောင်ရွက်ကြစေလို
  • အခွန်တိမ်းရှောင်သူများ မရှိစေရန်လည်း ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး အခွန်များကို လည်း မှန်မှန်ကန်ကန် ပေး ဆောင်စေလိုကြောင်းများဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တွေ့ဆုံပွဲအပြီးမှာ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ တက်ရောက်လာခဲ့တဲ့ လုပ်ငန်းရှင်တွေနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားတဲ့ MSME တွေရဲ့လုပ်ငန်းနှင့်ထုတ်ကုန်ပြခန်းတွေကို ကြည့်ရှုခဲ့ကြတယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source SAC’s Info

#SG_Min_Aung_Hlaing

#Yangon_region_MSME

#Myanmar_Economy