#Local_News
Published 1 Oct 2022

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်​မြို့နယ် တာလေ-ကျိုင်းတုံသွား ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်က ပါးခါးနွဲ့ကျေးရွာအနီးအရှိန်ပြင်းစွာမောင်းနှင်လာသော မော်တော်ကားတစ်စီး နမ့်လွေမြစ်အတွင်းသို့ ပြုတ်ကျခဲ့ပြီး လူ( ၄)ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

 

တာချီလိတ်- ကျိုင်းတုံသွားပြည်ထောင်စုလမ်းမ မိုင်တိုင် ၇၃၇ ကီလိုမီတာနှင့် ၇၃၈ ကြား တာချီလိတ်ဘက်မှ ကျိုင်းတုံဖက်သို့
အရှိန်ပြင်းစွာမောင်းနှင်လာသော VIGO မော်တော်ကားတစ်စီး အရှိန်မထိန်းနိုင်၍ နမ့်လွေမြစ်အတွင်းသို့ ထိုးကျခဲ့ကာမော်တော်ယာဉ်ပေါ်လိုက်ပါလာသည့် လူ ၆ ဦးအနက် လူကြီး (၃ )ဦး၊ ကလေး (၁ )ဦး ပေါင်း ၄ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဥ်နှင့်ပတ်သက်၍ တာလေမြို့နယ် လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းမှ ချောင်းထဲပြုတ်ကျသွားသော မော်တော်ယာဉ်နှင့်အတူ လူများအား ကူညီကယ်ဆယ်ခဲ့ပြီး တာလေဆေးရုံတွင်ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရှိရသည်။

ymg/ys-tcl
#Yangon_Media_Group