#Local_News
Published_28 September 2022

 

ထိုင်းနိုင်ငံ ဘန်ကောက်သို့သွားမည့်နေရာနှစ်ခုတွင် တရားမဝင်မြန်မာ ၉၅ ဦးကို ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းက ဖမ်းမိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။

 

အဆိုပါ နေရာမှာ ထိုင်း-မြန်မာ နယ်စပ် ကန်ကျနဘုရီအတွင်း ဖြစ်ပြီး ဗန်းထဖဲရွာ ထခနုံခရိုင်ခွဲ ထောင်ဖာဖွန်ခရိုင်တွင်း အမျိုးသား ၆၃ ဦး ၊ အမျိုးသမီး ၁၉ ဦး နှင့် လမ်းပြပွဲစား ထိုင်းနိုင်ငံသား၂ ဦး ၊ ဗန်းဖုနမ်းလောင်းရွာ ဗန်းကောင်ခရိုင် ကန်ကျနဘုရီပြည်နယ်တွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၃ ဦးဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အဖမ်းခံရသည့် တရားမဝင် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ စမွတ်စခေါင် ၊ ဘန်ကောက် ၊ ကန်ကျနဘုရီ ရယောင် တိုတွင် သွားရောက် အလုပ်လုပ်ခွင့် ရရှိရန် ပွဲစားခ ဘတ်တစ်သောင်းခွဲမှ သုံးသောင်းထိပေးခဲ့ကြရကြောင်း သိရသည်။

 

"သူတို့က မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရန်ခိုင်ပြည်နယ်တွေက ဖြစ်တယ်၊ အခု သူတို့ကို ထိုင်းရဲက ဥပဒေအတိုင်းပဲ ဆောင်ရွက်မှာပါ။ မြန်မာနိုင်ငံက ထိုင်းကို အောက်လမ်းက လာသူတွေ များတယ်။ နေ့တိုင်းလည်းဖမ်းနေတယ်။ ဖမ်းနေလည်း လာကြတယ်။ မလာစေချင်ဘူး။ အလုပ်လုပ်မယ်ဆိုရင်လည်း တရားဝင်လမ်းကြောင်းကပဲ လာစေချင်တယ်"ဟု ရွှေ့ပြောင်းမြန်မာလုပ်သားများအရေး ဆောင်ရွက်နေသူက ပြောသည်။

 

ဖမ်းဆီးမိသူများအား ကိုဗစ်ရောဂါ ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရာ ရောဂါပိုး မတွေ့ရကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group