#Local_News
Published - 16 September 2022

 

အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်သွန်နီဈေးနှုန်းမှာ ကျပ် ၃၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအထိ ကြက်သွန်နီဈေးနှုန်းမှာတစ်ပိဿာ ၄၅၀၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရွယ်အစားနှင့်အမျိုးအစားပေါ်မူတည်ပြီး တစ်ပိဿာ ၂၄၀၀ မှ ၃၁၀၀ ကျပ်အထိရှိကြောင်း သိရသည်။

 

ကြက်သွန်နီ ဈေးနှုန်းမြင့်တက် ခြင်းကို ထိန်းချုပ်ရန်အတွက် ပြည်ပမှ ကြက်သွန်နီတင်သွင်းလေ့ရှိပြီး လက်ရှိတွင်လည်း တရုတ်ဘက်မှ ကြက်သွန်ကားမှာ ပုံမှန်အဝင်ရှိကြောင်း သိရသည်။

 

တရုတ်ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာ ၂၄၀၀ မှ ၂၆၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

 

" ကြက်သွန်တွေက ဈေးတော့ကျနေပါပြီ။ ထပ်ကျဖို့လည်းရှိပါတယ်။ နယ်ကနေတော့ ကြက်သွန်ကားတွေက ပုံမှန်ဝင်တယ်။ ပစ္စည်းပေါ်မူတည်ပြီး ရောင်းကြတယ်"ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဥက္ကဌ ဦးခင်ဟန်က ပြောသည်။

 

ဘုရင့်နောင်ကုန်စည်ဒိုင်ရ ဈေးနှုန်းဖော်ပြချက်တွေအရ ဆိတ်ဖြူကြက်သွန်နီအမျိုးအစားမှာ ပြီးခဲ့သည့် သြဂုတ်လတွင် တစ်ပိဿာကို ၂၂၅၀ ကျပ်ကနေ ၂၆၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပြီး စက်တင်ဘာလ အတွင်း ဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာခဲ့ကာ ယခုရက်ပိုင်းမှသာပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group