#Local_News
Published _16 September 2022

 

မြန်မာ-ရုရှား-အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေသည့် မီဒီယာကို မကြာမီ ဆောင်ရွက်မည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ပြောသည်။

 

မြန်မာနိုင်ငံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာ-တရုတ်-အင်္ဂလိပ်ဘာသာများဖြင့် ဆင်ဟွာသတင်းဌာနကို လုပ်ဆောင်နေသကဲ့သို့ မြန်မာ - ရုရှား - အင်္ဂလိပ် ဘာသာများဖြင့် ထုတ်ဝေဖြန့်ချိမှုမျိုးပြုလုပ်ရန် ရှိမရှိ မီဒီယာ၏ မေးမြန်းမှု အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်းလည်း ဖြစ်သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက် မှ ၁၁ ရက် ကြား သွားရောက်ခဲ့သည့် နစက ဥက္ကဌ ၏ ရုရှားခရီးစဉ်အတွင်း မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အချို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/mt
#Yangon_Media_Group