#Local_News
Published _16 September 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ခုန်ချခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို စက်တင်ဘာလ ၁၅ ရက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ပေးဆပ်သူတို့နှလုံးသား လူမှူကူညီရေးအဖွဲ့က သိရသည်။

 

"မနေ့က စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက်က အလောင်းကို သာကေတတံတားဟောင်းအနီး မြစ်စပ်မှာ တွေ့တယ်၊အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ထားပါတယ်။ သူက အသက် က ၅၀ ဝန်းကျင်လို့ သိရတယ်။ သာကေတ ၆ ရပ်ကွက်အရှေ့ကလို့ သိရတယ်"ဟု အဆိုပါ လူမှုကူညီရေးတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်တွင် ပေးဆပ်သူတိုနှလုံးသားပရဟိတအသင်း၊ သာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သာကေတမြို့နယ်နာရေးကူညီမှုအသင်းတို့က ပူးပေါင်းကူညီခဲ့ကြကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_group