#Local_News
Published-14 Setember 2022

 

ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ကျပ် ၁၂၀ ကျော်အထိ ထပ်မံမြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

စက်တင်ဘာလ ၁၃ ရက်နေ့တွင် 92 တစ်လီတာ ၂၄၂၀ ကျပ်၊ 95 တစ်လီတာ ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၂၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၀၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာ ၂၄၈၅ ကျပ်၊ 95 တစ်လီတာ ၂၅၇၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၁၅၀ ကျပ်မြင့်တက်လာခြင်းဖြစ်သည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကို ရပ်နားထားရကြောင်းလည်း သိရသည်။

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် နေ့စဉ်နှင့်အမျှ အတက်အကျအပြောင်းအလဲဖြစ်ပေါ်နေပြီး အမြင့်ဈေးတွင် ဆက်လက်ရှိနေသည့်အတွက်ကြောင့် စက်သုံးဆီအသုံးပြုလုပ်ကိုင်ရသည့် လုပ်ငန်းများ ထိခိုက်မှုရှိလာပြီး ကုန်တင်ယာဉ်များအပေါ်တွင်လည်း ဂယက်ရိုက်ခတ်မှုရှိလာသည့်အတွက် အခြေခံစားသောက်ကုန် ကုန်စည်ဈေးနှုန်းမှာလည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

 

#Ymg/STH
#Yangon_Media_Group