#Local_News
Published _9 September 2022

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ငွေစက္ကူအတုထုတ်သည့် စက်၊ငွေစက္ကူအတုနှင့်အတူ အမျိုးသား ၃ ဦးကို စက်တင်ဘာလ ၈ ရက်က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

 

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် မောင်ပိုင်လင်းထွေး(ခ)ကာရံဖြိုး ၊အသက် ၂၇ နှစ်အရွယ် ပိုင်စိုးသူ(ခ)ကမား တို့နှစ်ဦးကို ငွေတစ်သောင်းတန်အတု ၂၇ ရွက်၊ YOMA BANK စာတမ်းပါ စာရွက်ဖြင့် ဖုံးအုပ်ထားသည့် တစ်သောင်းတန်အတု အရွက် ၁ဝဝ ပါ ၄ အုပ်၊ ငါးထောင်တန်အတု အရွက် ၁ဝဝ ပါ တစ်အုပ်၊ ဖုန်းနှစ်လုံးနှင့်တူ ကနဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတို့၏ ထွက်ဆိုချက်အရ အသက် ၂၁ နှစ်အရွယ် အောင်သူရဆိုသူထံမှ YOMA BANK စာတမ်းပါစာရွက်ဖြင့် ပတ်ထားသည့် တစ်သောင်းတန်အတု ၃၉၂ ရွက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ငွေစက္ကူအတု ပြုလုပ်ရာတွင် အသုံးပြုသည့် EPSON CL3210 စာတမ်းပါ Printer တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သောကြောင့် အဆိုပါ သုံးဦးကို ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်နိုင်ရန် စီစစ်ဆောင်ရွက်နေကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group