#Local_News
Published_1 Sept 2022

 

ကချင်ပြည်နယ်ရှိ ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်သျှူးငှက်ပျောနှင့် အခြားသီးနှံများတင်ပို့မှု စတော့မည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သြဂုတ်လ ၃၁ ရက်တွင် ပြောသည်။

 

ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် သီးနှံတင်မော်တော်ယာဉ်များကို စနစ်တကျ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီ အဖွဲဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

 

ယင်းသို့စတင်ရာတွင် ကုန်စည်တင်ပို့မည့် ယာဉ်များကို စနစ်တကျစိစစ်ဆောင်ရွက်သွားရေး၊ ဒေသခံလုပ်ငန်းရှင်များ နစ်နာမှုမရှိစေရေး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ စည်းကမ်းတကျ လိုက်နာဆောင်ရွက်ရေး၊ ကြိုတင်ပြင်ဆင် ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ကြရေး၊ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရရှိရေးတိုအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါ အစည်းအဝေးအတွင်း မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မောင်းသေနတ်မှန် ဒဏ်ရာဖြင့် ဆေးဝါးကုသမှုခံယူနေသော ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ယာဉ်မောင်းဝန်ထမ်းအား ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ် ငါးသိန်း၊ ပြည်နယ်ဝန်ကြီးများက တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ရှစ်သိန်းနှင့် ခတ်ချိုကျေးရွာမှ မိုင်းထိဒဏ်ရာရရှိသော အမျိုးသမီးအား ပြည်နယ်ဝန်ကြီးများက စုစုပေါင်း ထောက်ပံ့ငွေကျပ် လေးသိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group