#Local_News
Published - 24 August 2022

 

တရားမဝင်ကုန်သွယ်မှုနှင့် ပတ်သက်၍ တားဆီးဖမ်းဆီးပေးသူတွေကို ကုန်ပစ္စည်းတန်ဖိုးအပေါ်မူတည်ပြီး ဆုငွေပြန်လည်ချီးမြှင့်ပေးနေကြောင်း နစက၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

 

အဆိုပါ တရားမဝင် ကုန်သွယ်မှု တင်သွင်း/ တင်ပို့မှုတွေကို တားဆီး/ဖမ်းဆီးရမိသည့် ပစ္စည်းတွေအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း (သို့မဟုတ်) လေလံတင်ရောင်းချမှုမှ ရရှိလာသည့် ရရှိငွေ၏ ၃၀ ရာခိုင်နှုန်းကို ဖမ်းဆီးသူကိုလည်းကောင်း ၂၀ ရာခိုင်နှုန်းကို သတင်းပေးသူတွေကိုလည်းကောင်း ဆုငွေပြန်လည်ချီးမြှင့်နေကြောင်း ထုတ်ပြန်ထားသည်။

 

ယခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ၇ လတာ ကာလအတွင်း တရားမဝင် ကုန်သွယ်မှုကနေ ခန့်မှန်းတန်ဖိုး ကျပ် ၃၁ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

 

လက်ရှိကာလတွင် မြန်မာနိုင်ငံအတွင်းကို လမ်းကြောင်းအသီးသီးကနေ စားသုံးဖို့မသင့်သည့် စားသောက်ကုန်၊ အရည်အသွေးနိမ့် လူသုံးကုန်ပစ္စည်း၊ တရားမဝင်ဆေးဝါးနှင့် အခွန်ပေးဆောင်ထားခြင်းမရှိသည့် အကောက်အခွန်မဲ့ပစ္စည်းများ ဝင်ရောက်နေကြောင်း သိရသည်။

 

အဆိုပါ တရားမဝင်ကုန်သွယ်မှုများအတွက် ပြည်နယ်နှင့်တိုင်းအလိုက် ဆက်သွယ်သတင်းပေးရမည့် ဖုန်းနံပါတ်တွေကိုလည်း ကော်မတီက ထုတ်ပြန်ထားပြီး တရားမဝင် တင်သွင်း/ တင်ပို့မှုတွေကို သတင်းပေးသူများအား ဆုငွေ ချီးမြှင့်နေကြောင်း သိရသည်။

 

အဆိုပါ သတင်းပေးပိုခြင်းကို လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပြီး သတင်းပေးပို့သူတွေ၏ အချက်အလက်တွေကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group