#Local_News
Published_24 August 2022

 

ထိုင်းနိုင်ငံ၊ နခွန်ပထုမ်ခရိုင်၊ စိုင်ဟာ့လမ်း၊ လဲန်ထောင်ကြက်သားအလုပ်ရုံအနီး ခုံး(ဂုံး)တံတားပေါ်တွင် ထိုးသွင်းဒဏ်ရာများနှင့် သေဆုံးနေသော ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၃ ရက်က တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ယင်းမှာ ပတ်စပို့နံပတ် MD 891748 ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်းမြန်မာလုပ်သား စောရဲမင်းဆိုသူဖြစ်ကြောင်း၊ ဖိုကေဲ့င်ရဲစခန်း ရဲအရာရှိများ၊ နယ်မြေခံဆရာဝန်များက အလောင်းကို အခြေခံစစ်ဆေးမှု ပြုလုပ်ကာ အသေးစိတ်ထပ်မံစစ်ဆေးနိုင်ရေးအတွင် စီရီရပ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

 

ထိုင်းနိုင်ငံ အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့များ၏ ပြောပြချက်အရ အခင်းဖြစ်ပွားရသောအကြောင်းရင်းနှင့် ကျူးလွန်သည့် တရားခံကို ဆက်လက်ရှာဖွေနေကြကြောင်း သတင်းရရှိသည်။

 

ymg/mt
#Yangon_Media_Group