#Local_News
Published _ 18 August 2022

လာမည့်သုံးနှစ်အတွင်း ပြည်ပသို့ဆန်တန်ချိန် လေးသန်းခန့်အထိ တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်၊၊

 

မြန်မာ့ဆန်တွေကို ပြည်ပက ဝယ်ယူမှု မြှင့်တက်လာတာကြောင့် ပုံမှန်ထက်ပိုမိုတင်ပို့လာနိုင်ပြီး လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ်ဘဏ္ဍာနှစ်မှာ ဆန်တန်ချိန် လေးသန်းအထိ တိုးမြှင့်တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

 

လက်ရှိ မြန်မာနိုင်ငံမှ ပြည်ပသို့ တစ်လလျှင် ပျမ်းမျှ ဆန်တန်ချိန် နှစ်သိန်းခန့်တင်ပို့နေရပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ဆန်တန်ချိန် နှစ်သန်းခန့် တင်ပို့နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group