#Local_News
Published 9_August 2022

 

တောင်ကိုရီးယားနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်လုပ်ကိုင်ရန် ယနေ့ ဩဂုတ်လ ၉ ရက်တွင်မြန်မာလုပ်သား ၁၄၉ ဦးထပ်မံသွားရောက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတွင်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၄)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၅)ဦးဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်သားများမှာ ရန်ကုန်မှ အင်ချွန်းအပြည်ပြည်ဆိုင်ရ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆိုကာ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များစနစ်တကျ ပြောကြားခဲ့ကြောင်း သိရသည်။

ymg/mt
#Yangon_Media_Group