#Local_News
Published -8 August 2022

 

စက်သုံးဆီစျေးနှုန်းများ သြဂုတ် 8 ရက်(ယနေ့) တွင် ၂၀၀ ကျော်ပြန်လည်မြင့်တက်လာခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

 

သြဂုတ် ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၆၁၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၂၀ ကျပ် သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၆၆၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၈၈၀ ကျပ်သို့ လည်းကောင်း စျေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

ယင်းအပြင် သြဂုတ်လ ၇ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၁၉၇၀ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၂၅ ကျပ်ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၈ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၂၂၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၂၉၀ ကျပ် အထိ အနည်းငယ်စျေးမြင့်တက်လာခြင်းဖြစ်သည်။

 

ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

 

ymg/sth
#Yangon_Media_Group