#Local_News
Published -3 August 2022

 

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ၄ ခုအား မဏာမစူးစမ်းလေ့လာမှုများဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း တင်ဒါစိစစ်ရေးကော်မတီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

 

အဆိုပါ တင်ဒါလျှောက်လွှာများကို သြဂုတ်လ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ လျှောက်လွှာတစ်စောင်လျှင် ငါးသိန်းနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပြုလွှာတင်သွင်းရမည့်ရက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လတွင်လည်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဖုန်အင်ခ၊ ကဆန်ရေ၊ နမ့်မယ်ဆိုင်၊ နမ့်ကန်၊ နမ့်တဘက်(ကယား)နဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် ၁၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ထုတ်စက်ရုံ ၂၇ ရုံနှင့် ၁၀ မဂ္ဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ၏ စစ်တမ်းတွင် ဖော်ပြထားပြီး အဆိုပါ ရေအားလျှပ်စစ်စက်ရုံများမှ စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ကျော် ထွက်ရှိကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group