#Local_News
Published _ 15 July 2022

 

မြန်မာနိုင်ငံမှ အိန္ဒိယသို့ မတ်ပဲတင်ပို့မှုကျဆင်းလာနိုင်ကြောင်း ခန့်မှန်းရပြီး ဇွန်လအတွင်း မြန်မာမတ်ပဲတင်သွင်းမှု တန်ချိန်ဟာ ၁၅၀၀၀ တန်ဖြစ်ကြောင်း ဧရာကုန် သွယ်မှုဗဟိုဌာနမှ သိရသည်။

 

ဇူလိုင်လတွင် တန်ချိန် ၁၅၀၀၀-၂၀၀၀၀ ခန့်နှင့်ဩဂုတ်လတွင် တန်ချိန် ၃၀၀၀၀- ၃၅၀၀၀ ခန့်တင်သွင်းရန် ခန့်မှန်းထားပြီး မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၃ သိန်းခန့်ရှိမည်ဖြစ်ကာ အခြားနိုင်ငံများသို့ တန်ချိန် ၅၀၀၀၀ ခန့်တင်ပို့လျင် ဇူလိုင်လမှ ဖေဖော်ဝါရီလအထိ ၈ လတာအတွင်း အိန္ဒိယသို့တင်ပို့ရန် မြန်မာမတ်ပဲလက်ကျန် တန်ချိန် ၂- ၂.၂၅ သိန်းရှိမည်ဟုခန့်မှန်းထားကြောင်း ယင်းမှ သိရသည်။

 

မတ်ပဲလက်ကျန်နည်းပါးနေသဖြင့် အရောင်းပမာဏကျဆင်းလာပြီး မတ်ပဲ၊ ပဲစဥ်းငုံ တန်ချိန် ၅၀၀၀ တင်ဆောင်ထားသောသင်္ဘောတစ်စီးဟာ ဇူလိုင်လ ၁၄ ရက်နေ့က ချနိုင်းသို့ထွက်ခွာသွားပြီဖြစ်ပြီး လာမည့် ဇူလိုင်လ ၁၇ ရက်တွင် ကွန်တိန်နာ ၁၈၀(တန်ချိန် ၄၃၂၀)နှင့် ဇူလိုင်လ ၂၃ ရက်တွင် ကွန်တိန်နာ ၃၈၀ ( တန်ချိန် ၉၁၂၀) သင်္ဘောတင်များရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/NN
#Yangon_Media_Group