#Local_News
Published 6 July 2022

 

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် "လားဟူ"ဒီမိုကရက်တစ်ပါတီ( LDU)မှ ဦးဆော်လမွန်ဦးဆောင်သောအဖွဲ့သည် တာချီလိတ်လေဆိပ်မှ နေပြည်တော်သို့ တပ်မတော်လေယာဥ်ဖြင့် ယနေ့နေ့လယ် ၁၂ နာရီခွဲ အချိန်က ထွက်ခွာသွားခဲ့ကြောင်း သိရပါတယ်

 

ဦးဆော်လမွန်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်ရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားမှ ယနေ့ နံနက် ၉ နာရီအချိန်၌ ဖြတ်သန်းဝင်ရောက်လာခဲ့ပြီး နေပြည်တော်သို့ ထွက်ခွာသွားခြင်းဖြစ်ကာဇူလိုင် ၈ ရက်နေ့တွင်ငြိမ်းချမ်းဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

" လားဟူ"ဒီမိုကရက်တစ်ပါတီမှ ဦးဆော်လမွန်ဦးဆောင်သည့်အဖွဲ့အား တာချီလိတ်နယ်မြေခံတပ်မှ ဗိုလ်မှူးကြီး မင်းမင်းထွန်း ဦးဆောင်သော စစ်ဘက်နယ်ဘက်မှ တာဝန်ရှိသူများ၊ ရှမ်း၊ အခါ၊ လားဟူ၊ ပအိုဝ့်တိုင်းရင်းသား စာပေနှင့်ယဥ်ကျေးမှုအဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီး လေဆိပ်သို့လိုက်ပါ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။

ymg/ys-tcl
#Yangon_Media_Group