#Local_News
Published_5 July 2022

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီကကြီးမှူး ကျင်းပသော မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ်ဖြင့် ကဏ္ဍမျိုးစုံတွင် ထူးချွန်စွာကြိုးပမ်းခဲ့ကြသည့်၊ အမျိုးသမီးများအား ယနေ့ ဇူလိုင်လ ၅ ရက်နံနက်ပိုင်းက အလုံမြို့နယ်၊ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမတွင် ဂုဏ်ပြုဆုများချီးမြှင့်ခဲ့သည်။

 

ဆုပေးပွဲတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဂျူဒိုပြိုင်ပွဲနှင့် ဝူရှူးပြိုင်ပွဲတွင် ဒုတိယ ငွေတံဆိပ်ရရှိသူ၊ ကနူးကယက်လှေလှော်ပြိုင်ပွဲတွင် တတိယကြေး တံဆိပ်ဆု သုံးဆုရရှိသူတစ်ဦးနှင့် တတိယကြေးတံဆိပ်ရရှိသူတစ်ဦး၊ ASEAN +3 Mixed Country Odesst ပညာရေးပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရရှိသူနှစ်ဦး ၊ တတိယ ကြေးတံဆိပ်ဆုရရှိသူတစ်ဦးနှင့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်၊ ရန်ကုန်တိုင်းဒေသကြီးက သိပွံဘာသာတွဲ၌အမှတ် အများဆုံးဖြင့် ပထမဆုရရှိသူ တစ်ဦးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီး ချီးမြှင့်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် သိပွံဘာသာတွဲ၌ အမှတ်အများဆုံးဖြင့်၊ ဒုတိယဆုရရှိသူနှင့် တတိယ ဆုရရှိသူ၊ ဝိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးဖြင့် ပထမဆုရရှိသူနှင့် ဒုတိယဆုရရှိသူ၊ ဝိပ္ပံဘာသာတွဲ တတိယဆုရရှိသူနှင့် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးဖြင့်၊ ပထမဆုရရှိသူ၊ ဝိဇ္ဇာဘာသာတွဲ ဒုတိယဆုနှင့်တတိယဆုရရှိသူ၊ အမျိုးသမီးများနေ့ အထက်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသူ၊ အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆုနှင့်အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆုရရှိသူ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုနှင့်တတိယဆုရရှိသူတို့အားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

၎င်းအပြင် လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်း ဝန်ထမ်းများ ၏၊ ရိုးရာပွဲတက်ဝတ်စုံချုပ်ပြိုင်ပွဲတွင်၊ နှစ်သိမ့်ဆုရရှိသူများနှင့် သရုပ်ပြတင်ဆက်ကြသည့်အဖွဲ့များကိုလည်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် အမျိုးသမီးများဘဝဖွံ့ဖြိုးတိုး တက်စေရေးအတွက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီကို၊ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ဖွဲ့စည်းပြီး၊ အဆိုပါ ဇူလိုင် ၃ ရက်ကို မြန်မာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြဌာန်းကာ မြန်မာအမျိုး သမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကိုနှစ်စဉ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ymg/nn
#Yangon_Media_Group