#Local_News
Published _ 5 July 2022

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တော် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်လေးဆူတို့အား လုံးတော်ပြည့်ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော် အထွဋ်တင်လှူပူဇော်ခြင်း နှင့် ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ခြင်း အခမ်းအနားကို ယနေ့ ဇူလိုင်လ ၅ ရက်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပထမပိုင်း(ပရိကမ္မမင်္ဂ လာ) အရ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်မှုဆည်းပူးခြင်း၊ ဒုတိယပိုင်း(ဆတ္တာရောဟဏ မင်္ဂလာ) ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော် အထွဋ်တင်လှူပူဇော်ခြင်းနှင့် တတိယပိုင်း(ဗုဒ္ဓဘိသေက မင်္ဂလာ) ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခြင်းတို့ဖြင့် ကျင်းပခဲ့ကြောင်းသိရသည်။

 

မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရားစေတီတော်မြတ်ကြီးအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ရက်က ရွှေသင်္ကန်းကပ်လှူပြီးစီးခဲ့ပြီးဖြစ်ကာ ယခုဇူလိုင်လ ၅ ရက်တွင် စေတီတော်ကြီးနှင့် အရံစေတီတော် လေးဆူတို့အား စိန်ဖူးတော်နှင့် ငှက်မြက်နားတော်များ ကပ်လှူပူဇော်ခဲ့ကြတာဖြစ်ပြီး စိန်ဖူးတော်ထိပ်တွင် စိန်အစစ်ချွန်းတစ်ပွင့်၊ တွင်းထွက် " မြ " ရတနာ(၄၉)ပွင့်၊ စိန်ဖူးတော်၊ ငှက်မြက်နားတော်တို့တွင် စိန်၊ ရွှေ၊ ပတ္တမြား၊ နီလာရတနာများ တပ်ဆင်ပူဇော်ခဲ့ကြကြောင်းသိရသည်။

 

ymg /NN
#Yangon_Media_Group