#LocalNews
Published_23 June 2022

 

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားရာမှ နေပြည်တော်ထောင်သို့ ပြောင်းရွှေ့၍ သီးခြားထားရှိကြောင်း နစက က ထုတ်ပြန်လိုက်သည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်လ ၂၂ ရက်မှာ သက်ဆိုင်ရာ တရားရုံးများက တရားစီရင်ပြီးဖြစ်ပြီး ပြစ်မှုဆိုင်ရာဥပဒေများအရ ထောင်သို့ပြောင်းရွှေ့ခဲ့တယ်ဆိုသည့် သတင်းမှာမှန်ကန်ကြောင်း၊ ထောင်အတွင်း သီးခြားထားရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်စစ်ဆေးမှု အပတ်စဉ်ပြုလုပ်နေခြင်းဖြစ်ပြီး ဇွန်လတတိယပတ်ကစ၍ နေပြည်တော်အချုပ်ထောင်တွင်း အထူးတရားရုံးသို့ ရွှေ့ပြောင်းကာရုံးထုတ်စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။

 

ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရသော အမှုပေါင်း ၁၉ ခု ခန့်ရှိသည့်အနက် အမှုပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားရကြောင်း စွဲချက်တင်ခံထားရသည့်အမှုများနှင့် ရင်ဆိုင်နေရဆဲအမှုများ ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group