#LocalNews
Published_19 June 2022

 

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့လာသော မြန်မာရွှေ့‌‌ပြောင်းလုပ်သား ၁၅၀ ကျော်ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သံအရာရှိရုံးက သိရသည်။

အမျိုးသား ၈၈ ဦး၊အမျိုးသမီး ၅၂ ဦး နှင့်အတူ ကလေးအမျိုးသား ၁၀ ဦးနှင့် ကလေး အမျိုးသမီး ၅ ဦးလည်း ပါဝင်ခဲ့ကြောင်း၊ယင်းတို့အား ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ ၉ စီးဖြင့် ဇွန်လ ၁၇ ရက် က အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ ရနောင်းမြို့နယ်အုပ်ချုပ်ရေးမှူး Mr. Somkiat Srisanate ၊နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်ကလည်း အလုပ်သမားသံအရာရှိ ဦးရဲလင်းထက်၊ နယ်ခြားကော်မတီမှ တာဝန်ရှိသူများ၊ ရနောင်းခရိုင်လူဝင်မှု ကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ၊ နယ်စပ်ဖြတ်ကျော်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများမှ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ မြန်မာရွှေ့‌‌ပြောင်းလုပ်သား အမျိုးသား ၉၂ ဦး၊အမျိုးသမီး ၆၇ ဦး၊ကလေး အမျိုးသား ၄ ဦး၊ ကလေးအမျိုးသမီး ၆ ဦးတို့အား ရနောင်းမြို့မှ ကော့သောင်းမြို့သို့ ပဲ့ချိတ်လှေ ၁၀ စီးဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group