#LocalNews
Published - 16 June 2022

 

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကို သတ်မှတ်ရန်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောခွင့်ရှိသူ ဦးခင်မောင်ဦးကပြောသည်။

 

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းများတွင် ပညာအရည်အချင်းသတ်မှတ်ချက်မရှိသော်လည်း လာမည့်ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းကိုသတ်မှတ်ရန် ဥပေဒထဲတွင် လျာထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးခင်မောင်ဦးက ဇွန်လ ၁၆ ရက် (ယနေ့)သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

''လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ရဲ့အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပါအဝင် တိုင်းပြည်ရဲ့အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်လို့ သူတို့အရည်အချင်းနဲ့ စွမ်းဆောင်ရည်မြင့်မားဖို့လိုတယ်။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အရည်အချင်း သတ်မှတ်ချက် အတည်ပြုပြီးရင် ထုတ်ပြန်ဖို့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပိုင်ဆိုင်မှု စီးပွားရေး ဥစ္စာ ဘယ်လောက်ရှိရမယ်ဆိုတာ သတ်မှတ်ဖို့မရှိပေမဲ့ ပါတီတစ်ခုချင်းဟာ ရှိသင့်တဲ့ဘဏ္ဍာရေးအခြေအနေရှိဖို့ လိုတာတွေပါတယ်''ဟု ယင်းက ပြောသည်။

 

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်တွင် ပညာအရည်အချင်းကို ကန့်သတ်ထားခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၂၅ နှစ်ပြည့်ပြီးသူ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အသက် ၃၀ ပြည့်ပြီးသူ၊ နိုင်ငံသားမိသားနှစ်ပါးမှ မွေးဖွားသူနှင့် နိုင်ငံအတွင်းအနည်းဆုံး ဆယ်စုနှစ်ချီနေထိုင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group