#LocalNews
Published_16 June 2022

ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်နိုင်ရန် ကော်မတီဖွဲ့စည်း၍ လေ့လာသုံးသပ်နေကြောင်း နစက-ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ဇွန်လ ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

 

‘‘ရန်ကုန်မြို့သစ်စီမံကိန်းကိုတော့ ရန်ကုန်တိုင်းအစိုးရက အဖွဲ့ဖွဲ့စည်းပြီး လေ့လာသုံးသပ်နေဆဲ အခြေအနေပဲ ရှိပါသေးတယ်’’ဟု ယင်းကပြောသည်။

 

ရန်ကုန်မြို့သစ်စီမံကိန်းမှာ ကြီးမားသော စီမံကိန်း ဖြစ်သောကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်နောက်ပိုင်းကစ၍ ဆက်လက်ဖော်ဆောင်မှုကို မပြုလုပ်တော့ဘဲ ရပ်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

 

သို့သော်လည်း ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်ကပင် အဆိုပါ စီမံကိန်းအတွင်း အရောင်းအဝယ်ပြုလုပ်ထားပြီးဖြစ်သည့် မြေကွက်များကို ဆလစ်စာရွက်များ ထုတ်ပေးထားပြီး ဖြစ်သောကြောင့် ဒေသခံများအပါအဝင် အခြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သူများက မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်လိုနေကြကြောင်းလည်း သိရသည်။

 

လက်ရှိတွင် မပြီးပြတ်သေးသော ရန်ကုန်မြို့သစ်စီမံကိန်း၊ မြေယာပြန်လည်ပေးအပ်ရေး ကိစ္စများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများက လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_group