#LocalNews
Published_16 June 2022

 

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့၊ ကန့်ကော်တောဘုရားအနီးတွင် ၂၀၂၀ ပြည့်နှစ်က စတင်တည်ဆောက်နေသည့် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံးစက်ရုံ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းကို တင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံလည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်ကာ ၁ ယူနစ်လျှင် ၈ ဒသမ ၅၉ ဆင့် နှုန်းဖြင့် ဖြန့်ချိနိုင်မည်ဖြစ်ကြောင်း၊ စက်ရုံလည်ပတ်စဉ်ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး လုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင် ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က စစ်ကောင်စီဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့အဖွဲ့ လာရောက် လေ့လာခဲ့စဉ် စက်ရုံစီမံကိန်း အကောင်အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် လုပ်ဆောင်ရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group