#LocalNews
Published - 13 June 2022

 

၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၂ ရက်ထက်နောက်ဆုတ်၍ ဇွန် ၁၇ ရက်တွင်သာ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

" ဘာကြောင့်နောက်ဆုတ်လိုက်လဲဆိုတာတော့ မသိရဘူး။ ၁၇ ရက်နေ့ထွက်မယ်လို့ကြားတယ်။ အဲ့ရက်ကတော့ သေချာပါတယ်။ အောင်ချက်ကတော့ မနှစ်ကထက် ဒီနှစ်ပိုများပါတယ်" ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အွန်လိုင်းမှတဆင့်ကြည့်လိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

၂၀၂၁-၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သိန်းကျော်ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group