#LocalNews
Published - 9 June 2022

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားသူ စုစုပေါင်း(၃၃)သန်းကျော်နဲ့ ထပ်ဆောင်းကာကွယ်ဆေး(၂)သန်းကျော်ထိုးနှံပေးပြီးဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်၊၊

 

ဇွန်လ(၇)ရက်ကကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရသိရတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးပထမအကြိမ်နဲ့ အကြိမ်ပြည့်ထိုးထားသူ စုစုပေါင်း(၃၃)သန်းကျော်နဲ့ ထပ်ဆောင်းကာကွယ်ဆေးထိုးထားသူ(၂)သန်းကျော်ရှိတယ်လို့ ဖော်ပြပါရှိပါတယ်၊၊

 

လာမယ့်မိုးရာသီမှာ ကိုဗစ်အပါအဝင်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ပြန်အဖြစ်များနိုင်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူတွေ ထိုးနှံထားသင့်တယ်လို့ ဆရာဝန်ကြီးတွေက အကြံပြုထားပါတယ်၊၊

 

အသက်(၁၈)နှစ်နဲ့အထက် ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးအခမဲ့ထိုးပေးခဲ့ပြီးအသက်(၁၅)နှစ်အထက်ပြည်သူများနှင့် အသက်(၅)နှစ်မှ(၁၈)နှစ်ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ထိုးပေးနေကာအသက်(၁၈)နှစ်အထက်အကြိမ်ပြည့်ထိုးပြီးသူတွေ (၆)လကြာမြင့်ပါကထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိတယ်လို့ သိရပါတယ်၊၊

 

ymg/tthl
#Yangon_Media_Group