#LocalNews
Published - 9 June 2022

 

သဗ္ဗာန်ဆိပ်ငါးခုကို ဇွန်လ(၉)ရက်မှ (၁၁)ရက်အထိ သုံးရက်တာယာယီပိတ်ထားမည်ဟု ကြားသိရသော်လည်း ကမာအောင်သဗ္ဗာန်ဆိပ်၊ သမ္မတကမ်းခြေနှင့် ဆိပ်ကြီးခနောင်တို့ဘက်ခြမ်းဖွင့်ထားဆဲဖြစ်သည်ဟု ကမာအောင်သဗ္ဗာန်ဆိပ်မှ သဗ္ဗာန်သမားကိုကျော်ရထံမှ သိရသည်၊၊

 

"သဗ္ဗာန်ဆိပ်ငါးခုကို ပိတ်ထားမယ်လို့တော့ကြားမိပါတယ်၊၊ ကျွန်တော်တို့ဆိပ်မဟုတ်လို့ ပိတ်ရတဲ့အကြောင်းအရင်းတော့ အတိအကျ မသိပါဘူး၊၊ ကျွန်တော့်ကမာအောင်ဆိပ်တော့ အခုထိအထက်က အကြောင်းကြားတာမျိုး မရှိသေးပါဘူး၊၊ တကယ်လို့ ပိတ်လိုက်မယ်ဆိုရင် သဗ္ဗာန်သမားတွေနဲ့ သဗ္ဗာန်သမားတွေကို မှီခိုနေရသူတွေ၊ ခရီးသွားတွေ အခက်အခဲအများကြီး ကြုံနိုင်ပါတယ်"လို့ ကိုကျော်ရက YMG ကို ဇွန်လ(၉)ရက်မနက်ပိုင်းကပြောသည်၊၊

 

သဗ္ဗာန်ဆိပ်များဖြစ်သော (၁)မှော်စက်၊(၂)ကမာကဆစ်၊(၃)စက်မြေ၊(၄)ကမာကသွယ်၊(၅)ကားဂိတ်သဗ္ဗာန်များ ဇွန်လ(၉)ရက်မှ(၁၁)ရက်အထိ သုံးရက်တာ ယာယီပိတ်ထားမည်ဖြစ်ပြီး ဒလဆိပ်ကမ်းမှ ချယ်ရီသင်္ဘောဖြင့်ကူးရန်ရေးသားထားချက်များပြန့်နှံနေပြီး သဗ္ဗာန်သမားများလည်းကြားသိရကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group