#LocalNews
Published_8 June 2022

 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် စီးတီးမတ်ရှေ့တွင် ယာဉ်ငါးစီးအရှိန်ဖြင့် ဆင့်တိုက်သောကြောင့် ယာဉ်များ ကြေမွသွားကာ ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိသွားကြကြောင်းလည်း သိရသည်။

"ဒီနေ့ မနက်က တောင်ဥက္ကလာ စီးတီးမက်ရှေ့မှာတိုက်တာပါ။ ဒီမတော်တဆမှုက တော်တော့်ကို အရှိန်ပြင်းတယ်။ ကားတွေ စုတ်ပြတ်သတ်သွားကြတာ"ဟု မျက်မြင်တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် လူတစ်ဦး လက်ကျိုးကာ အခြားတစ်ဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရသွားကြပြီး အနည်းဆုံး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ယခုအခါသင်္ကန်ကျွန်းစံပြဆေးရုံသို့
သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့က ပို့ဆောင်ပေးထားကြောင်း သိရသည်။

photo-သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့
ymg/mt
#Yangon_Media_Group