#LocalNews
Published_8 June 2022

 

ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းများအနက် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးလအတွင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဖိုး တင်ပို့နိုင်ခဲ့ကြောင်း အဆိုပါ နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူက ပြောသည်။

 

"ဇန်နဝါရီလကနေ မေလထိ ၅လအတွင်းမှာ အမေရိကန် ဒေါ်လာ ၁၂ သန်းကျော် ကုန်သွယ်နိုင်ခဲ့တယ်၊ ကုန်သွယ်တာကတော့ တစ်ဖက်နိုင်ငံဘင်္ဂလားဒေ့ရှ်နဲ့ပေါ့။ ဇန်နဝါရီလကဆိုရင် ပို့ကုန်တန်ဖိုး ၂၃၀၆၃၀၄ ဒေါ်လာနဲ့ သွင်းကုန်တန်ဖိုး ၁၅၆၉၂ ဒသမ ၅၀၀ ဒေါ်လာ၊ ဖေဖော်ဝါရီလက ပို့ကုန် ၂၂၆၇၂၀၉ ဒေါ်လာနဲ့ သွင်းကုန် ၅၁၇၇ ဒေါ်လာ၊ မတ်လက တင်ပို့ကုန်တန်ဖိုး ၂၈၄၀၇၉၄ နဲ့ သွင်းကုန် ၁၁၀၅၇ ဒသမ ၉၀ဒေါ်လာ၊ ဧပြီလက ပို့ကုန် ၁၈၆၄၆၀၄ ဒေါ်လာနဲ့ သွင်းကုန် ၇၉၂၀ ဒေါ်လာ၊ မေလက ပို့ကုန် ၂၈၂၂၁၇၀ နဲ့ တင်သွင်းကုန် ၈၇၉၀ ဒေါ်လာ၊ စုစုပေါင်း တင်ပို့ကုန် ၁၂၁၀၁၀၈၁ ဒေါ်လာ နဲ့ တင်သွင်းကုန် စုစုပေါင်း ၄၈၆၃၈ ဒသမ ၄ ဒေါ်လာကုန်သွယ်နိုင်ခဲ့တယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့သည့်ကုန်များမှာ အမှန်တကယ် ရခိုင်ပြည်နယ်က ထွက်သည့် ထုတ်ကုန်များနည်းပါးပြီး ပြည်မဖက်မှလာသည့် ရေထွက်ပစ္စည်းများ ဖြစ်သည့် ငါးမြစ်ချင်းနှင့် မီးဖိုချောင်သုံးကြက်သွန်အပါအဝင် ဂျင်း၊ ကွမ်းသီးတို့ကိုတင်ပိုခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပလစ်စတစ်ပစ္စည်းများ၊ ဒယ်အိုး၊ ဒယ်ခွက်များ၊ ရေတိုင်ကီများ အဓိကတင်သွင်းကြောင်း သိရသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသော နယ်စပ်ဂိတ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလတို့တွင် ကုန်သွယ်ခွန်ခ မြန်မာငွေ ၃၈၂ သန်းရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ၏ စာရင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group