#Local_News
Published_ 2 June 2022

 

တောင်အာဖရိကနှင့် မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံကုန်သွယ်ရေးနှင့်ခရီးသွားလာရေး ကဏ္ဍတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

 

တောင်အာဖရိကနိုင်ငံ Western Cape ပြည်နယ် ဝန်ကြီးချုပ် H.E. Mr. Alan Winde နှင့် အာဆီယံ ပရီတိုးရီးယားကော်မတီတို့အကြား Virtual Meeting တွေ့ဆုံဆွေးနွေးပွဲအား မေ ၃၁ ရက်နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါဆွေးနွေးပွဲသို့ အာဆီယံ ပရီတိုးရီးယားကော်မတီဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေနှင့် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် သံအမတ်ကြီးဦးမြင့်ဆွေက မြန်မာနိုင်ငံနှင့်တောင်အာဖရိက နိုင်ငံတို့အကြား နှစ်အလိုက်ကုန်သွယ်မှုပမာဏများ၊ မြန်မာနိုင်ငံမှ တောင်အာဖရိက နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းအမျိုးအမည်များနှင့် မြန်မာနိုင်ငံသို့ တောင်အာဖရိကနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းအမျိုးအမည်များ အကြောင်းနှင့် ကုန်သွယ်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

 

ymg-mnn
#Yangon_Media_Group