#LocalNews
Published - 2 June 2022

 

ပြည်တွင်းစက်သုံးဆီမှာ ပြတ်လပ်မှုမရှိပဲ ဇွန်လ ၁၆ ရက်အထိ အလုံအလောက်ရှိနေကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

"စျေးနှုန်းသက်သာအောင်၊ ဆီပြတ်လပ်မှုမရှိအောင် လုပ်ဆောင်ပေးနေပါတယ်၊ စျေးနှုန်းသက်သာအောင်ဆိုတာကတော့ နိုင်ငံတကာစျေးနဲ့ မြန်မာနိုင်ငံတွင်းမှာဖြစ်သင့်တယ့်စျေးနဲ့ရောင်းနိုင်အောင် ထိန်းညှိပေးနိုင်အောင် ဒါပဲလုပ်ဆောင်ပေးနိုင်ပါလိမ့်မယ်၊ စျေးကွက်စီးပွားရေးစနစ်က ဒီတိုင်းပဲဖြစ်ပါလိမ့်မယ်၊ ဆီပြတ်လပ်မှုမရှိအောင် ဇွန်လ ၁၆ ရက်အထိ အရန်ဆီတွေရှိပြီးဖြစ်တယ်၊ ထပ်သွင်းတဲ့ဆီတွေလည်းရှိတယ်"ဟု ယင်းကပြောသည်။

 

ယင်းအပြင် ကမ္ဘာ့ဆီစျေးနှုန်းသည်လည်း မငြိမ်သက်သဖြင့် မြန်မာနိုင်ငံအတွင်းတွင်လည်း ကမ္ဘာ့စျေးနှုန်းနှင့်အညီ ဖြစ်နေဦးမည်ဖြစ်ကြောင်း သိရသည်။

 

စက်သုံးဆီတင်သွင်းသူများ အနေဖြင့် မိမိတို့ကြိုက်သည့်နေရာတွင် ဆီကိုဝယ်ယူနိုင်သော်လည်း ဒေသတွင်းနိုင်ငံဖြစ်သည့် စင်ကာပူရှိ MOPE စျေနှုန်းကိုအခြေခံပြီး တွက်ချက်မည်ဖြစ်ကြောင်း သိရသည်။

 

ဇွန်လ ၂ ရက် ထုတ်ပြန်ကြေညာထားသည့် စက်သုံးဆီစျေးနှုန်းမှာ ၉၅ တစ်လီတာ ၂၂၆၅ ကျပ်၊ ၉၂ တစ်လီတာ ၂၁၈၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၄၆၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။

 

ymg/sth

#Yangon_Media_Group