#LocalNews
Published -15 Apr 2022

 

ဧပြီလ ၁၅ ရက်နေ့ ယနေ့ နံနက် ၇ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ရေနံရပ်ကွက်၊ ရေနံချက်စက်ရုံအတွင်းနေသူတစ်ဦးကို စက်ရုံအပြင်လမ်းပေါ်မှ သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အဆိုပါစက်ရုံဝန်ထမ်းအသိုင်းအဝိုင်းက သိရပါတယ်။

 

စက်ရုံအတွင်းစက်ရုံဝန်ထမ်း လိုင်းခန်းအမှတ်၂၅ ၊ အခန်း ၄ သည် လမ်းနှင့် ၅ ပေသာကွာဝေးပြီး လိုင်းခန်းနေအိမ်ရှေ့အဖီအောက်တွင်ထိုင်နေတဲ့ ဦးခင်ဇော်ကို ဆိုင်ကယ်စီးလာသည့် သေနတ်သမားနှစ်ဦးက လမ်းပေါ်မှပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

"ဝန်ထမ်းလိုင်းခန်းကို အပြင်ကလာပစ်သွားတာ စစ်ဆေးတာတွေလုပ်နေတယ် ပစ်ခံရသူရဲ့အခြေအနေတော့မသိသေးဘူး"လို့ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။

 

ပစ်ခတ်မှုကြောင့် ဦးခင်ဇော်မှာ ယာနံတွင်ကျည်ထိဒဏ်ရာလေးချက်၊ ယာလက်ဖျံတစ်ချက်ထိမှန်ပြီး ဆေးရုံသို့ ပို့ဆောင်ကုသပေးထားတယ်လို့ ကနဦးသိရပါတယ်။

 

ymg/hm
#Yangon_Media_Group