#Local_News
Published_ 15 April 2022

 

ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသခံပြည်သူများကို မရှိမဖြစ်လိုအပ်တဲ့ အာဟာရ ဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးနေတယ်လို့ ယူနီဆက်က ထုတ်ပြန်ထားပါတယ်။

 

အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ် များပေးခဲ့တယ်လို့ ဆိုထားပါတယ်။

 

မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားသူများအတွက် အရေးပေါ် အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေး အကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

မြန်မာနိုင်ငံရှိ အားနည်းထိခိုက်လွယ်တဲ့ ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုများ ပံ့ပိုးပေးနေပြီး သန့်ရှင်းတဲ့သောက်သုံးရေက ကလေးငယ်များ ရှင်သန်ရပ်တည်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးပါလှပါတယ်။

 

ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ ၂၃,၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများလည်း ပံ့ပိုးပေးခဲ့ပါသေးတယ်။

 

ထို့ပြင် မတ်လအတွင်းကလည်း ပဋိပက္ခဖြစ်ပွားရာဒေသမှ လူဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသော သောက်သုံးရေများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်ကဆိုပါတယ်။

 

ymg-mnn
#Yangon_Media_Group