Published 14 April 2022

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ မိသားစုရေသဘင်မဏ္ဍပ်တွေကို နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က ဧပြီ၁၄ရက် မြန်မာမဟာသင်္ကြန်အကျနေ့မှာ သွားရောက်အားပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလိုသွားရောက်အားပေးရာမှာ စစ်တက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ်တို့မှာရှိတဲ့ ရေသဘင်မဏ္ဍပ်တွေကို သွားရောက်ခဲ့ကြတာဖြစ်ပြီး ရေသဘင်ပွဲဆင်နွှဲနေကြတဲ့ အရာရှိ၊စစ်သည်တွေ၊နည်းပြတွေ၊ဗိုလ်လောင်းတွေနှင့် မိသားစုဝင်တွေနှင့်အတူရေပက်ကစားခဲ့ပြီး ယိမ်းအဖွဲ့တွေကို ဂုဏ်ပြုဆုတွေချီးမြှင့်ခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ယခုနှစ်အတာသင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်မြို့တော်များမှာ မဟာသင်္ကြန်အဆိုအကနှင့်ရေကစားမဏ္ဍပ် တွေနှင့် ရေသဘင်ပွဲဆင်နွှဲကြရန် နစက,က စီစဉ်ခဲ့တာဖြစ်ပါတယ်။