#LocalNews

Published_3 April 2022

ကရင်ပြည်နယ် ၊ ဘားအံမြို့၊ ဇွဲကပင်တောင်တွင် မတ်လ ၃၀ ရက်က သေဆုံးလျက် တွေ့ရသည့် အမျိုးသမီးငယ်ကို သတ်သည်ဟုယူဆရသောအမျိုးသားအား ဧပြီလ ၂ ရက်ည ၉နာရီခွဲခန့်က ဖမ်းမိကြောင်းသိရသည်။

အဆိုပါသေဆုံးလျက်တွေ့ရသည့်အမျိုးသမီးငယ်၏ ဦခေါင်းတွင်ဒဏ်ရာများတွေ့ရသည့်အတွက် ယင်းနှင့်အတူ တောင်ပေါ်သို့တက်ခဲ့သည့် အမျိုးသားအားစုံစမ်းရာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသဖြင့် သက်ဆိုင်ရာက စုံစမ်းစဉ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ဘားအံမြို့နယ် နွားခြံကုန်းကျေးရွာမှ ဒယ်ကလစ်ဆိုသူဖြစ်ပြီး ယခုအခါ ထုံးအိုင်နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း အဆိုပါဖြစ်စဉ်ကို သိရှိသည့် အုပ်ချုပ်ရေးတာဝန်ရှိသူကပြောသည်။

ဇွဲကပင်တောင်သိုသွားရောက်၍ ဘုရားဖူး‌မျှော်ရာမှ ပျောက်ဆုံးသွားသူမှာတိယနှစ်ကျောင်းသူ မဇာခြည်လှိုင်ဖြစ်ပြီး ဧပြီလ ၁ ရက်နံနက်တွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

#ymg/mt
Yangon_Media_Group