#LocalNews
Published - 17 March 2022

 

ကြိုးဝိုင်၊ ကြိုးပြင် ကာကွယ်တော ဧရိယာ ၄၃,၁၁၁,၇၀၅ ဧက အဖြစ် နိုင်ငံဧရိယာရဲ့ ၂၅ ဒဿမ ၇၅ ရာခိုင်နှုန်းကို သတ်မှတ်နိုင်ခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

 

တစ်နှစ်အတွင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော ၄၀၄,၁၅၈ ဧက ဖွဲ့စည်းခဲ့ပြီး ရှမ်းပြည်နယ်မှာ ကြိုးပြင်ကာကွယ်တော အသစ် နှစ်ခုကို ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာ ကြိုးပြင်ကာကွယ်တော တစ်ခုကို အသစ်သတ်မှတ်ခဲ့ပါတယ်။

 

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိတဲ့ ၁၃,၈၀၃ ဧကရှိတဲ့ ကိုးကွေ့တောင်ကြိုးပြင်ကာကွယ်အဖြစ် မတ်လ ၁၁ ရက်နေ့က စတင်သတ်မှတ်ခဲ့ပြီး တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်မှာရှိတဲ့ ၁၅,၀၀၀ ဧက ကျယ်ဝန်းတဲ့ ဟန်လင်းတောင်ကြိုးပြင်ကာကွယ်တောအဖြစ် မတ်လ ၁၁ ရက်က ကြိုးပြင်ကာကွယ်တောအသစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

ဒ့ါအပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းရှိတဲ့ ဧက ၁၂,၃၃၅ ဧက ရှိ ခါချဉ်တောင်ကြိုးပြင်ကာကွယ်တောကိုလည်း မတ်လ ၁၁ ရက်နေ့က ကြိုးပြင်ကာကွယ်တော အသစ်အဖြစ် သတ်မှတ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

 

သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် တစ်နှစ်အတွင်း ၅၈၁,၈၀၄ ဧက ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီကနေ့အထိ သဘာဝထိန်းသိမ်းရေးနယ်မြေဧရိယာ ၁၀,၇၅၀,၆၂၅ ဧက နိုင်ငံ့ဧရိယာရဲ့ ၆ ဒဿမ ၄၃ ရာခိုင်နှုန်း ဖွဲ့စည်းသတ်မှတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ymg/ei
#Yangon_Media_Group