#LocaLNews
Published_13 March 2022

 

ဒါရိုက်တာမိုက်တီး(ခ)ဦးသန်းထွန်းဇော် အဖမ်းခံရကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

သူနေထိုင်ရာ ရန်ကင်းမြို့နယ်၊ ၁၆ရပ်ကွက်၊ ဘောက်ထောက်နေအိမ်တွင် မတ်လ ၁၂ ရက် ညပိုင်းက တာမွေမြို့နယ်ရဲစခန်းမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် ယခုအခါ တာမွေမြို့နယ်ရဲစခန်းမှ ပုဒ်မ ၅၀၅(က)နှင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

 

အူမကြီးကင်ဆာရောဂါဝေဒနာကို ခံစားနေရသော ဒါရိုက်တာမိုက်တီးကို တာမွေမြို့မရဲစခန်းက မူးယစ်(ပ) ၂၉/၂၀၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင် ရာဥပဒေပုဒ်မ ၁၆ (ဂ) ဖြင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ရက်တွင် အမှုဖွင့်အရေးယူခဲ့ကြောင်း၊ ယင်းနောက် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာပြီး ကင်ဆာဆေးများသွင်းနေရကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group