#LocalNews
Published_13 March 2022

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအနီး၊ မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

 

ယနေ့ မတ်လ ၁၃ ရက် နံနက် က မန္တလေး-ဗန်းမော်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၇/၁)တွင် အဆိုပါ Fuso အမျိုးအစား (အနီရောင်) ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားသောကြောင့် လူ(၁)ဦး ကားခေါင်းခန်းအတွင်းညပ်နေကြောင်း သတင်းရရှိသဖြင့် သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

ယင်းကြောင့် ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး ၊ အမျိုးသမီး တစ်ဦးအနက် မ(၁)ဦး သေဆုံးသူမှာ ယာဉ်မောင်းအမျိုးသားဖြစ်ပြီး အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ ဒဏ်ရာရရှိသွားသောကြောင့် အောင်ပါရမီလူမှုကူညီရေးအသင်းမှ သပိတ်ကျင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group