#LocalNews
Published -13 Mar 2022

 

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ကိုပို့ဆောင်မည့်ငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)များကို ရှမ်းပြည်နယ်တောင်ပိုင်း မြဝတီမြို့တွင်ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဖမ်းဆီးရမိမှုဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန် ပင်လောင်းမြို့နယ်၊ ပင်လောင်း-နေပြည်တော်သွားကားလမ်း၊ လိန်းလီကြိုးတံတားတွင် ပင်လောင်းမှ ပေါင်းလောင်းဘက်သို့ မြင်ချီးချဲ(ခ)အောင်မြင့်(၅၉)နှစ် မောင်းနှင်လာသည့် FORLAND မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၈၅ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း) ၁၈၅ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး (ကတ်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group