#LocalNews
Published - 2 March 2022

 

ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ လူမင်း၊ ပိုင်တံခွန်၊ ဒါရိုက်တာဝိုင်းနှင့် မဝင်းမင်းသန်း တို့ ၆ ဦးနှင့် မလေးရှားနိုင်ငံသားတစ်ဦးတို့ကို ယနေ့ မတ်လ ၂ ရက်တွင် ပြန်လွှတ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

 

"ပုဒ်မ ၅၀၅-က နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခံထားရတဲ့ အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ သရုပ်ဆောင်လူမင်း၊ ပိုင်တံခွန်၊ မဝင်းမင်းသန်းနဲ့ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာဝိုင်း စုစုပေါင်း ၆ ယောက်ကို လွှတ်မယ်။ခံဝန်နဲ့ပေါ့။နောက်ပြီးတော့ မလေးရှားနိုင်ငံသားတစ်ယောက်လည်း ပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက YMG ကို ပြောသည်။

 

ယင်းတို့အား မည်သည့် အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းပေးသည်ကို မသိရသော်လည်း ယနေ့ မတ်လ ၂ ရက် မှာ တောင်သူလယ်သမားနေ့ ဖြစ်ကြောင်း သိရသည်။

 

ymg/mt
Yangon_Media_Group