#LocalNews
Published -20 Jan 2022


ဇန်နဝါရီလ ၁၉ရက်နေ့ ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့တဲ့ဖြစစဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကသိရပါတယ်။

ဖြစ်စဉ်မှာယမန်နေ့ ညနေ၄နာရီမိနစ်၃၀အချိန်ခန့်က တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာ၊ တွံတေး-ကော့မှူး ကားလမ်းဘေးတွင် ကျိုကလဲကျေးရွာသား (၁)ဦး သေနတ်နဲ့ ပစ်ခတ်ခံရ တယ်ဆိုတဲ့ သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးချက်အရပစ်ခတ်ခံရသူမှာ ကျိုက်သလဲကျေးရွာပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ဦးမြင့်သိန်းဆိုသူဖြစ်ကာကျေးရွာမီးလင်းရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်နေသူဖြစ်တယ်လို့ သိရပါတယ်။

"အသက်ကတော့၆၇နှစ်ရှိပါပြီ ကျေးရွာမီးလင်းရေးအဖွဲ့ဝင်လူကြီးပါ ပစ်ခတ်ရပြီး သေဆုံးခဲ့ပါတယ်"လို့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကဆိုပါတယ်။

ပစ်ခတ်ခံရသူမှာသားဖြစ်သူ နေထိုင်ရာ လာကပုံကျေးရွာမှ ကျိုက်သလဲကျေးရွာ နေအိမ်ကိုဆိုင်ကယ်နဲ့ပြန်လာစဉ် စိစစ်ဆဲမှ သေနတ်နဲ့ပစ်ခတ်ခဲ့ရာ ဦးမြင့်သိန်း ၌ ဝဲပါးမှ ဖောက်ဝင်/ယာနားထင် ဖောက်ထွက် ဒဏ်ရာ (၁)ချက်၊ ယာရင်ညွန့် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝမ်းဗိုက် ဝဲဘက် ဖောက်ဝင်ဒဏ်ရာ (၁)ချက် ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာတွင် 9 MM THAI ARMS ကျည်ခွံ (၄)ခု တွေ့ရှိ ခဲ့ ပြီးသေဆုံးသူ ဦးမြင့်သိန်း အား တွံတေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ကျူးလွန်သူဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ymg/hm