#LocalNews

Published - 20 Jan 2022

 

ဒီကနေ့ နံနက်အစောပိုင်းအချိန်က မုံရွာမြို့ရှိ ဂွမ်းဖတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ် အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊စက်မှုဇုန်ရပ်ကွက်၊ စိန်ပန်းနီလမ်းရှိ ဂွမ်းဖတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

 

အဆိုပါ မီးလောင်မှုကို မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၁)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ရေသယ်ယာဉ် (၁)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁ နာရီ ၅၂ မိနစ်အချိန်မှာ မီးကို ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

မည်သည့် ကြောင်းအရင်းကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ကိုတော့ မီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး ယင်းမီးလောင်မှုဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလိုလည်း သိရပါတယ်။

Photo - MFSD

YMG/kg
#Yangon_Media_Group