#LocalNews

Published - 19 Jan 2022

 

နိုင်ငံဂုဏ်ဆောင် ကာယဗလအားကစားသမားတစ်ဦးဖြစ်တဲ့ ကိုမိုးဆွေဟာ ဒီကနေ့(ဇန်နဝါရီ ၁၉ ရက်)မှာ အလေးမရင်း မ တော်တဆမှုတစ်ခုကြောင့် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ကိုမိုးဆွေဟာ နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်ဖို့အတွက် Camp ဝင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

 

ကိုမိုးတွေဟာ ဒီကနေ့မှာ အဖော်မရှိဘဲ တစ်ယောက်ထဲ အားကစားလေ့ကျင့်ခန်းလုပ်ရာမှာ (Chest Press) တွန်းရင်း လည်ပင်းပေါ် အလေးပိသွားလို့ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

 

ကာယဗလအားကစားသမား ကိုမိုးဆွေဟာ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားတစ်ဦးဖြစ်ပြီး (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနဲ့ ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိထားသူဖြစ်ကာ အခြားဆုတံဆိပ်တွေကိုလည်း ရရှိထားသူဖြစ်ပါတယ်။

 

ကွယ်လွန်သွားတဲ့ အားကစားသမားကိုမိုးဆွေဟာ ကွယ်လွန်ချိန်မှာ အသက် (၃၈)နှစ်အရွယ်ရှိပြီလို့
သိရပါတယ်။

 

ပုံစာ - ကာယလေ့ကျင့်ခန်းလုပ်ရင်း ကွယ်လွန်ခဲ့တဲ့
ရွှေတံဆိပ်ဆုရ ကိုမိုးဆွေ။

Photo - Social Media

YMN/kg
#Yangon_Media_Group