#LocalNews
Published - 18 Jan 2022

 

စိုက်ပျိုးရေးသိပ္ပံဘွဲ ပထမနှစ်တက်ရောက်သူမယ့်သူကို လူဦးရေ အမျိုးသားဦးရေ ၁၅၀ နဲ့ အမျိုးသမီး ၁၅၀ ဦးရေ သတ်မှတ်ထားရာ အခုအခါ ထပ်မခံလိုအပ်တဲ့ အမျိုးသား ၈၃ ဦးနဲ့ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၁၀၈ ဦးကို လက်ခံသွားဖို့အတွက် ဝင်ခွင့်ထပ်မံခေါ်ယူဖို့ ကြေညာလိုက်တာဖြစ်ပါတယ်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံဘွဲ(B.Agr.Sc) ၅ နှစ် သင်တန်းအတွက် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဇီဝဗေဒဘာသာတွဲနဲ့ စုစုပေါင်းအမှတ် ၃၆၀ အထက်ရရှိသူဖြစ်ရမှာဖြစ်ပြီး ကွင်းလက်တွေ့လုပ်ငန်းတွေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကျောင်းအပ်နှံချိန်မှာ သက်ဆိုင်ရာတက္ကသိုလ်မှာရှိတဲ့ တိုက်နယ်ဆေးရုံမှာ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

 

လျှောက်ထားလိုသူတွေက အထောက်အထားတွေနဲ့အတူ ဇန်နဝါရီ ၂၈ ရက် သောကြာနေ့ နောက်ဆုံးထားပြီး ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရတယ်။

 

YMG/ei
#Yangon_Media_Group